Welcome to ED (Burmese)

ED မှ ကြိုဆိုပါ၏

Wanju wanju, nidja

ကျွန်ုပ်တို့သည် နွန်ဂါ (Noongar) မျိုးနွယ်စု၏ ဝပ်ဂျက် (Whadjuk) လူမျိုးများကို အသိအမှတ်ပြုအလေးထားပါသည်၊ ကျွန်ုပ်တို့အလုပ်လုပ်ကိုင်နေသော နယ်မြေ၏ ရိုးရာဓလေ့ဆိုင်ရာ အုပ်ချုပ်သူကို အသိအမှတ်ပြုအလေးထားပြီး ယခင်ကနှင့် လက်ရှိ သက်ကြီးဝါကြီးသူများကို လေးစားပါသည်။

Perth ကလေးဆေးရုံ (Perth Children’s Hospital) ကို PCH ဟုလည်း ခေါ်သည်။ အရေးပေါ်ဌာနကို ED ဟုလည်း ခေါ်သည်။

သင့်ကလေး၏ လိုအပ်သော စောင့်ရှောက်မှုကို ရရှိစေရေးအတွက် ကူညီပေးရန် ကျွန်ုပ်တို့ ရှိနေပါသည်။

ကျွန်ုပ်တို့သည် ဆေးဝါးကုသမှုဆိုင်ရာ သို့မဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများရှိသော အသက် ၁၅ နှစ်နှင့်အောက် ကလေးများကို စောင့်ရှောက်မှုပေးပါသည်။ ၎င်းစောင့်ရှောက်မှုသည် ဩစတြေးလျနိုင်ငံသားများ သို့မဟုတ် ဩစတြေလျနိုင်ငံတွင် နေထိုင်သူများအတွက် အခမဲ့ဖြစ်ပါသည်။

၎င်းတို့တွင် PCH ၌ ကုသမှု ဆက်လက်ခံယူနေရသော လက်ရှိ ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ရပ်ရှိပြီး အလားတူအခြေအနေအတွက် ED သို့ လာရောက်ရပါက အသက် 18 နှစ်အထိ အကျုံးဝင်နိုင်ပါသည်။

Request a translator (Burmese language)

သင် နားမလည်ပါက သို့မဟုတ် ကျွန်ုပ်တို့နှင့်စကားပြောရန် သင့်ကိုကူညီပေးနိုင်ရန် စကားပြန်တစ်ဦး တောင်းဆိုပါ။ ဝန်ဆောင်မှုသည် အခမဲ့ဖြစ်သည်။

စောင့်ဆိုင်းချိန်များ

ပြသရန် စောင့်ဆိုင်းနေကြသော နေမကောင်းသူကလေးများနှင့်အတူ အရေးပေါ်ဌာနတွင် အလုပ်ရှုပ်နေနိုင်ပါသည်။ နေမကောင်းအဖြစ်ဆုံးကလေးများကို အရင်ဆုံး ကြည့်ရှုပါသည်။ သင်က လူနာတင်ယာဉ်ဖြင့် ရောက်လာလျှင် အစီအစဉ်နှင့် စောင့်ဆိုင်းချိန်များမှာ အတူတူဖြစ်ပါသည်။ စောင့်ဆိုင်းခန်းမများရှိ ဖန်သားပြင်များပေါ်တွင် လက်ရှိ အများဆုံးစောင့်ဆိုင်းချိန်ကို သင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။

သင့်ကလေးကို ကျွန်ုပ်တို့ ကုသမပေးရသေးမီ ထွက်ခွာရန် အစီအစဉ်ရှိပါက ကျွန်ုပ်တို့ကို ပြောပေးပါ။

အရေးပေါ်ဌာနမှာ ဘာတွေဖြစ်ပျက်သလဲ

What happens in ED - Triage

အရေးပေါ်လူနာများကိုပဏာမအကဲဖြတ်ခြင်း။

ဝန်ထမ်းအနေဖြင့် သင့်ကလေးကို ဆရာဝန်က မည်မျှအထိ မြန်မြန် ကြည့်ရှုရမည့်အကြောင်း ဆုံးဖြတ်နိုင်ရန် အရေးပေါ် လူနာများကိုပဏာမအကဲဖြတ်ခြင်း ကကူညီပေးသည်။ သူတို့က သင့်ကလေးကို စစ်ဆေးပြီး သင့်ကို မေးခွန်းအချို့ မေးမြန်းနိုင်သည်။

Entering the ED

အရေးပေါ်ဌာနသို့ ဝင်ရောက်ခြင်း

ထို့နောက် သင်နှင့် သင့်ကလေးသည် အရေးပေါ်ဌာနတွင်းသို့ ဝင်ရောက်ပြီး ပိုင်းကန့်ထားသော အခန်းငယ် သို့မဟုတ် စောင့်ဆိုင်းခန်းမသို့ သွားရမည်ဖြစ်သည်။ စာရေးတစ်ဦးက သင့်ကို မေးခွန်းအချို့ မေးမြန်းမည်။ ဆရာဝန်နှင့် မပြသမီ စောင့်ဆိုင်းချိန်တစ်ခု ရှိနိုင်သည်။ သင့်ကလေးက ကျန်းမာရေးပိုဆိုးလာ၍ သင် စိတ်ပူမိလျှင် ကျွန်ုပ်တို့ကို အသိပေးပါ။

စောင့်ဆိုင်းနေစဉ် ဖြစ်နိုင်လျှင် အောက်ပါမေးခွန်းများ၏ အဖြေများကို စဉ်းစားထားပေးပါ။

သင့်ကလေးက ဘာကြောင့် ဒီနေ့ ဆေးရုံသို့ လာရတာလဲ။

  • ၎င်းအကြောင်းအရာ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ၎င်းကို ဘာက ဖြစ်စေခဲ့တယ်လို့ သင် ထင်သလဲ။ ယခင်က ဖြစ်ဖူးသလား။
  • သူတို့မှာနာကျင်ကိုက်ခဲနေသလား။
  • ကလေးက စားနေခဲ့သလား/သောက်နေခဲ့သလား/အိမ်သာသွားနေခဲ့သလား။
  • ဒီပြဿနာအတွက် အခြားကျန်းမာရေးဆရာဝန်နှင့် ပြသခဲ့ဖူးသလား။
  • ED သို့ လာရန် တစ်ယောက်ယောက်က သင့်ကို ပြောခဲ့သလား။
  • ED သို့ မလာမီ စစ်ဆေးမှုတစ်ခုခု သို့မဟုတ် ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ခဲ့သလား။

သင့်ကလေး၏ ဆေးဝါးကုသမှုမှတ်တမ်းက ဘာလဲ။

  • ကလေးက ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးထံမှ စောင့်ရှောက်မှုကို လက်ရှိခံယူနေသလား။ (ဤတွင် စိတ်ကျန်းမာရေးလည်း ပါဝင်သည်)
  • ကလေးတွင် လက်ရှိရှိနေသော အခြားအခြေအနေများ သို့မဟုတ် နာမကျန်းမှုများက ဘာတွေလဲ။ (ကလေးငယ်များအတွက်ဆိုလျှင် ဝန်ထမ်းသည် မွေးဖွားခြင်းအကြောင်း မေးမြန်းနိုင်သည်)
  • ကလေးတွင် ယခင်က မည်သည့် အခြေအနေများ၊ နာမကျန်းမှုများ သို့မဟုတ် ခွဲစိတ်ကုသမှုများ ရှိခဲ့ဖူးပါသလဲ။
  • ကလေး၏ ကာကွယ်ဆေးထိုးနှံမှုများကို အချိန်နှင့်တပြေးညီ ဖြည့်သွင်းထားပါသလား။
  • ကျွန်ုပ်တို့ထံ မျှဝေအသိပေးလိုသော ကျန်းမာရေးအခြေအနေများ သို့မဟုတ် နာမကျန်းမှုများဆိုင်ရာ မိသားစုမှတ်တမ်း ရှိပါသလား။

သင့်ကလေးက မည်သည့်ဆေးဝါးများကို သောက်နေပါသလဲ။

  • သင့်ကလေးက လွန်ခဲ့သောရက်အနည်းငယ်အတွင်း မည်သည့်ဆေးဝါးများ (ပဋိဇီဝဆေးများအပါအဝင်) ကို သောက်နေခဲ့ပါသလဲ။
  • ဆေးဝါးအမည်နှင့် တစ်ခါသောက် ဆေးပမာဏက ဘာလဲ၊ သင့်ကလေးက ၎င်းဆေးကို မည်မျှအထိ မကြာခဏ သောက်နေရသလဲ။
  • မည်သည့် ဖြည့်စွက်စားဆေးဝါးများ၊ ဗီတာမင်များ၊ သို့မဟုတ် ဆေးဖက်ဝင်ပစ္စည်းများကို သင့်ကလေးက ယနေ့ သောက်ခဲ့ပါလဲ၊ သို့မဟုတ် ပုံမှန် မှီဝဲပါသလဲ။
  • သင့်ကလေးက ဆေးဝါးတစ်မျိုးမျိုး သောက်ရခြင်းကို လတ်တလောက ရပ်တန့်ခဲ့ပါသလား။

သင့်ကလေးတွင် မည်သည့်ဓာတ်မတည့်မှုများ ရှိပါသလဲ။

  • ၎င်းတွင် အစားအစာ၊ ဆေးဝါး၊ ဆူးစူးခြင်း/ပျားတုပ်ခြင်းများနှင့် ရာဘာစေး သို့မဟုတ် ဆေးပတ်တီးများကဲ့သို့ ပစ္စည်းများ (၎င်းတို့ကို အတည်ပြုနိုင်သည် သို့မဟုတ် သံသယရှိနိုင်သည်) အပေါ် တုံ့ပြန်မှုများ ပါဝင်သည်။

ကျွန်ုပ်တို့ သိသင့်သည်ဟု သင်ထင်သော အခြားအရာတစ်ခုခုများ ရှိပါသလား။

  • သင့်ကလေးက ဆေးကုသစောင့်ရှောက်မှု သို့မဟုတ် ဆေးကုသမှုနှင့်ပတ်သက်၍ စိတ်ဒဏ်ရာတစ်ခုခုကို ခံစားဖူးပါသလား။
  • သင် သို့မဟုတ် သင့်ကလေးတွင် ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာစကား၊ မိသားစု သို့မဟုတ် အမူအကျင့်ဆိုင်ရာ လိုအပ်ချက်တစ်ခုခု ရှိပါသလား။
  • သင့်ကလေးက စားစရာတစ်ခုခု သို့မဟုတ် သောက်စရာတစ်ခုခုကို မည်သည့်အချိန်တွင် နောက်ဆုံး စားသောက်ခဲ့ပါသလဲ။

What happens in ED - Seen by the nurse or doctor

သူနာပြု သို့မဟုတ် ဆရာဝန်က ကြည့်ရှုပေးခြင်း

သူတို့သည် မေးခွန်းများမေးမည်ဖြစ်ပြီး လွဲမှားနေသည့်အရာအကြောင်း နားလည်နိုင်ရန် သင့်ကလေးအား စစ်ဆေးမည်ဖြစ်သည်။

သင်သည် သင့်ကလေးကွယ်ရာတွင် ဆရာဝန်နှင့်စကားပြောဆိုနိုင်ရန် တောင်းဆိုနိုင်သည်။

ဆက်ကျော်သက်ကလေးသည် မိဘကွယ်ရာတွင် ဆရာဝန်/သူနာပြုနှင့်စကားပြောဆိုနိုင်ရန် တောင်းဆိုနိုင်သည်။

What happens in ED - Talk with your nurse or doctor

သင်၏ သူနာပြု သို့မဟုတ် ဆရာဝန်နှင့် စကားပြောဆိုပါ

ဆရာဝန် သို့မဟုတ် သူနာပြုသည် လွဲမှားနေသည့်အရာအကြောင်းနှင့် သင့်ကလေး၏လိုအပ်ချက်များအကြောင်း ရှင်းပြမည်ဖြစ်သည်။

ကျွန်ုပ်တို့ကို မေးခွန်းများအချိန်မရွေး မေးမြန်းပါ။

What happens in ED - Tests and treatment

စမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုများ

လွဲမှားနေသည့်အရာကို ရှာဖွေနိုင်ရန် သင့်ကလေးသည် သွေးစစ်ဆေးမှု၊ ဓာတ်မှန် ၊ သို့မဟုတ် အခြားစမ်းသပ်မှုအချို့ကို လိုအပ်နိုင်ပါသည်။ ကလေးသည် ED တွင် ရှိနေစဉ် ကုသမှုကို လည်း ခံယူရနိုင်ပါသည်။ သင်သည် စမ်းသပ်စစ်ဆေးမှုရလဒ်များအတွက် သို့မဟုတ် ကုသမှုအပေါ် သင့်ကလေး၏ တုံ့ပြန်ပုံအကြောင်း သိမြင်နိုင်ရန်အတွက် စောင့်ဆိုင်းရနိုင်ပါသည်။ 

What happens in ED - Wait to leave or stay for more treatment

အိမ်ပြန်ခြင်း သို့မဟုတ် ဆေးရုံတက်ခွင့်ပြုခြင်း

သင့်ကလေး၏ အခြေအနေအပေါ်မူတည်၍ သင်သည် အိမ်ပြန်နိုင်ပါသည်၊ သင့်ကလေးကို ဆရာဝန်က လေ့လာစောင့်ကြည့်နိုင်ရန် ကြာကြာနေရနိုင်ပါသည်၊ သို့မဟုတ် ဆေးရုံတက်ရနိုင်ပါသည်။

အိမ်ပြန်ခြင်း

သင့်ကလေးသည် အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေသောအခါ ဆရာဝန် သို့မဟုတ် သူနာပြုသည် သင့်ကလေးအတွက် စောင့်ရှောက်မှုပေးရန် သင်လုပ်ပေးရမည့်အရာများနှင့်ပတ်သက်၍ သတင်းအချက်အလက်အချို့ကို သင့်အား ပေးမည်ဖြစ်သည်၊ ၎င်းတို့တွင် သင့်ကလေး၏အခြေအနေဆိုင်ရာ သတင်းအချက်အလက်စာရွက်တစ်ရွက်နှင့် သင်၏ ဒေသတွင်းဆရာဝန်အတွက် စာတစ်စောင် ပါဝင်နိုင်ပါသည်။ သင် သို့မဟုတ် သင့်ကလေးက ဆေးကုသမှုလက်မှတ် လိုအပ်ပါက သင် မထွက်ခွာမီ ဆရာဝန် သို့မဟုတ် သူနာပြုကို ပြောပေးပါ။ သင့်တွင် ရှိလာနိုင်မည့် မည်သည့်မေးခွန်းများကိုမဆို ကျွန်ုပ်တို့ထံ မေးမြန်းပါ။ 

သင် အိမ်တွင်ရှိနေသောအခါ သင့်အား ဆရာဝန်ကပေးထားသော မည်သည့်လမ်းညွှန်ချက်များကိုမဆို လိုက်နာပေးပါ။ သင့်ကလေးက ပိုကောင်းမလာဘူးဟု သင် စိုးရိမ်မိလျှင် သင်သည်-

  • သင်၏ ဒေသတွင်းဆရာဝန်နှင့် ပြသနိုင်သည်
  • ကျန်းမာရေးလမ်းညွှန် 1800 022 222ထံ ဖုန်းခေါ်ဆိုနိုင်သည်
  • GP Urgent Care Clinicတွင် ပြသနိုင်သည်
  • အရေးပေါ်ဖြစ်လျှင် လူနာတင်ယာဉ်ခေါ်ရန် 000ထံ ဖုန်းခေါ်ဆိုပါ သို့မဟုတ် အရေးပေါ်ဌာနသို့ ပြန်လာပါ

ဆေးရုံတက်ခွင့်ပြုခြင်း

အရေးပေါ်အဖွဲ့ သို့မဟုတ် အထူးကုဆရာဝန်တစ်ဦး၏ လက်အောက်တွင် ထပ်ဆောင်း စမ်းသပ်စစ်ဆေးမှုများ နှင့်/သို့မဟုတ် ကုသမှု ခံယူနိုင်ရန်အတွက် သင့်ကလေးကို ဆေးရုံတက်ခွင့်ပြုနိုင်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သင့်အိမ်နှင့် ပိုမိုနီးကပ်စွာ စောင့်ရှောက်မှုပေးနိုင်ရန် ဖြစ်ပါသည်၊ ထို့ကြောင့် ကုသမှုခံယူနိုင်ရန်အတွက် ကျွန်ုပ်တို့သည် သင့်ကလေးကို သင်၏ဒေသတွင်းဆေးရုံရှိ ကလေးလူနာဆောင်သို့ လွှဲပြောင်းပေးနိုင်ပါသည်၊ သို့မဟုတ် အိမ်တွင် ဆေးရုံအဖြစ်ထားပြီး (HiTH) သင့်ကလေးကို စောင့်ရှောက်မှုပေးနိုင်ရန်နှင့် စစ်ဆေးနိုင်ရန် သူနာပြုများကို လာကြည့်စေနိုင်ပါသည်။

သင်သည် Perth ကလေးဆေးရုံတွင် နေရန် လိုအပ်လျှင် သင့်ကို ကျွန်ုပ်တို့၏ အရေးပေါ်ရေတိုနေထိုင်ရေးယူနစ် (ESSU) သို့ သို့မဟုတ် ဆေးရုံလူနာဆောင်တစ်ခုသို့ ရွှေ့ပြောင်းထားနိုင်ပါသည်။

သင့်ကလေးကို ESSU သို့ တက်ခွင့်ပြုပေးလိုက်လျှင် သူသည် အရေးပေါ်အဖွဲ့၏ စောင့်ရှောက်မှုအောက်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်သည်။ သင့်ကလေးသည် ထပ်ဆောင်း ကုသမှု သို့မဟုတ် ခွဲစိတ်မှုကို လိုအပ်လျှင် သူ့ကို ဆေးရုံလူနာဆောင်တစ်ခုဆီသို့ တက်ခွင့်ပြုမည်ဖြစ်သည်။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် တွေ့ဆုံပါ

သင့်ကလေးကို ကူညီစောင့်ရှောက်ပေးသူများစွာ ရှိပါသည်။

Your treating team (Burmese language)

Aboriginal Flag

ED အတွင်း စောင့်ရှောက်မှုပေးရန် ကူညီပေးမည့် အပတ်စဉ်ရုံးဖွင့်ရက်အများစုတွင် ရရှိနိုင်သော ရှေးတိုင်းရင်းသား ကျန်းမာရေးဝန်ထမ်း  ရှိပါသည်။ ၎င်းတို့နှင့် တွေ့ဆုံလိုပါက တောင်းဆိုနိုင်ပါသည်။

သင့်ကလေးက နာကျင်ကိုက်ခဲနေသည်ဟု သင်ထင်လျှင်

သင့်ကလေးကို ကြည့်ရှုခွင့်ရမည့်၊ သင့်တော်သော အကိုက်အခဲပျောက်ဆေး စီစဉ်ပေးမည့် သူနာပြုတစ်ဦးနှင့် စကားပြောပါ။

သင့်ကလေး ကျန်းမာရေးပိုဆိုးလာနေကြောင်း သင် စိုးရိမ်ပါသလား။ ကျွန်ုပ်တို့ သိရန်လိုအပ်ပါသည်

သင့်ကလေးသည် ပို၍နေမကောင်းဖြစ်လာပုံပေါ်လျှင် သို့မဟုတ် မူမမှန်စွာပြုမူနေလျှင် ကျွန်ုပ်တို့ကို ချက်ချင်း ပြောပါ။ သင့်ကလေးအကြောင်း သင် အသိဆုံးပါ။ ကျွန်ုပ်တို့က သင့်စကားကို နားထောင်ပေးမည်ဖြစ်သည်။

Aishwarya's CARE Call logo

Aishwarya's CARE Call instructions (Burmese language)

သင်၏ အင်္ဂလိပ်ဘာသာစကားက အကန့်အသတ်ရှိနေလျှင် 'အရေးပေါ်စောင့်ဆိုင်းခန်းမ' သို့မဟုတ် သင်၏ အခန်းနံပါတ်ကို ပြောပါ။

တည်နေရာများ...

အိမ်သာများ

  • အသုံးပြုနိုင်သော အိမ်သာတစ်လုံးသည် ED အတွင်း ဝင်ပေါက်၏ ဘယ်ဘက်တွင် တည်ရှိသည်
  • ED ၏ နောက်ဘက်ဆီတွင်၊ Pod C စောင့်ဆိုင်းခန်းမဘေးကပ်လျက်၊ ဖျော်ရည်ဘားနောက်တွင်

လမ်းညွှန်ဆိုင်းဘုတ်အတိုင်း လိုက်နာပေးပါ သို့မဟုတ် သင်က မသေချာလျှင် ဝန်ထမ်းကို မေးပါ။

ကလေးထိန်းခြင်းအခန်း

  • အဝတ်လဲစားပွဲတစ်လုံးသည် ED အတွင်း၊ အသုံးပြုနိုင်သော အိမ်သာဘေးကပ်လျက်၊ ခန်းဆီးအပြာနောက်တွင် တည်ရှိသည်
  • ဒုတိယမြောက် အဝတ်လဲစားပွဲတစ်လုံးသည် Pod C အနီးရှိ သန့်စင်ခန်းများအနက် တစ်ခုထဲတွင် ရှိသည်

သောက်စရာ ရေပိုက်ခေါင်းများ

Pod C စောင့်ဆိုင်းဧရိယာအနီးရှိ ဖျော်ရည်တည်ရှိရာတွင် ရေ ရနိုင်ပါသည်။

အစားအစာနှင့် သောက်စရာ

  • အခမဲ့ လက်ဖက်ရည်နှင့် ကော်ဖီအထောက်အပံ့များသည် ED အတွင်း Pod C စောင့်ဆိုင်းဧရိယာအနီးရှိ ဖျော်ရည်တည်ရှိရာတွင် တည်ရှိပါသည်
  • အဆာပြေမုန့်များနှင့် သောက်စရာများ ရောင်းချပေးသည့် ငွေအကြွေထည့်၍ ဝယ်ယူရသောစက်များသည် ED အပြင်ဘက် အစိမ်းရောင်ဓာတ်လှေကားများအနီးတွင် တည်ရှိသည်
  • Little Lion Cafe သည် မြေညီထပ်ရှိ ပင်မဝင်ပေါက်အနီးတွင် ရှိသည်
  • The Food Hall သည် လယ်ဗယ် 1 တွင် တည်ရှိသည်၊ ပန်းရောင်ဓာတ်လှေကားမှတစ်ဆင့် သို့မဟုတ် မြေညီထပ်ရှိ Little Lion Cafe အပြင်ဘက် လှေကားမှတစ်ဆင့် ရောက်ရှိနိုင်သည်
  • ကုန်မျိူးစုံဆိုင်ငယ်တစ်ခု၊ Xpress Zone၊ သည် QEII အလွှာပေါင်းစုံယာဥ်ရပ်စခန်း၏ မြေညီထပ်တွင် တည်ရှိပြီး တနင်္လာနေ့မှ စနေနေ့အတွင်း မနက် 7 နာရီမှ ည 8 နာရီအထိ ဖွင့်ပါသည်။ 

အများသုံးကြိုးဖုန်းများ

ED ၏ အပြင်ဘက်၊ ED နှင့် ဆေးရုံကို ဆက်သွယ်ထားသော စင်္ကြံလမ်းတွင် တည်ရှိပါသည်

ATM

ED ၏ အပြင်ဘက်၊ ED နှင့် ဆေးရုံကို ဆက်သွယ်ထားသော စင်္ကြံလမ်းတွင် တည်ရှိပါသည်

ဘေးကင်းမှုနှင့် လုံခြုံမှု

သင်၏ ဘေးကင်းမှုနှင့် လုံခြုံမှုသည် ကျွန်ုပ်တို့အတွက် အထူးအရေးကြီးသောအရာ ဖြစ်သည်။ သင်စိုးရိမ်မိသော သို့မဟုတ် သင်နှင့် သင့်ကလေး၏ဘေးကင်းမှုအပေါ် သက်ရောက်လာနိုင်သော အမူအကျင့်တစ်ခုခုကို မြင်တွေ့ရလျှင် ဝန်ထမ်းအဖွဲ့ဝင်တစ်ဦး သို့မဟုတ် PCH လုံခြုံရေး 6456 3003 ထံ ချက်ချင်း ဆက်သွယ်ပါ။

ဖိနှိပ်စော်ကားမှုအပေါ် လုံးဝသည်းမခံခြင်း

လူတိုင်း၏ဘေးကင်းမှုကို သေချာစေရန် ကျွန်ုပ်တို့သည် ဖိနှိပ်စော်ကားမှုနှင့် ရန်လိုအဓမ္မပြုမှုအပေါ် လုံးဝသည်းမခံခြင်းမူဝါဒကို ကိုင်စွဲထားသည်။ 

ကိုယ်အားဖြင့် သို့မဟုတ် နှုတ်အားဖြင့် ဖိနှိပ်စော်ကားသူ သို့မဟုတ် ရန်လိုအဓမ္မပြုသူ မည်သူ့ကိုမဆို ချက်ချင်းထွက်သွားခိုင်းမည်ဖြစ်ပြီး လိုအပ်လျှင် လုံခြုံရေးကို ခေါ်မည်ဖြစ်သည်။ 

ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ ရိုက်ခြင်း

ကျွန်ုပ်တို့၏  လူနာများ၊ မိသားစုများ၊ စောင့်ရှောက်မှုပေးသူများနှင့် ဝန်ထမ်းများ၏  ကိုယ်ရေးလုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် PCH တွင် ရှိနေစဉ်အတွင်း ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ မရိုက်ပါနှင့်။

ချီးမွမ်းခြင်းများနှင့် တိုင်ကြားချက်များ

အကောင်းနှင့် အဆိုး နှစ်ခုစလုံးပါသော သင်၏ တုံ့ပြန်အကြံပြုချက်သည် သင်နှင့် သင့်ကလေးကို ပိုကောင်းသောဝန်ဆောင်မှု ထောက်ပံ့ပေးနိုင်ရန် ကူညီပေးပါသည်။

သင် ED သို့ လာရောက်ပြီးသည့်နောက် သင်၏တုံ့ပြန်အကြံပြုချက်ကို တောင်းဆိုရန် MyVisit စစ်တမ်းမှတစ်ဆင့် သင့်ထံ စာတိုပေးပို့မည်ဖြစ်သည်။ သင်၏အတွေ့အကြုံအကြောင်း ကျွန်ုပ်တို့ သိနိုင်စေရန် ၎င်းစစ်တမ်းတိုကို ပြီးမြောက်အောင်ဖြေဆိုပေးပါ။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်မှတစ်ဆင့်လည်း 
ချီးမွမ်းခြင်း သို့မဟုတ် တိုင်ကြားချက် ကို ချန်ထားခဲ့နိုင်ပါသည်။